ဒီနေ့ဟာ ကမ္ဘာ့ပထမဆုံး Wiki Website “WikiWikiWeb” ကို ရေးဆွဲပြီးစီးခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 16 March 2017

ဒီနေ့ဟာ ကမ္ဘာ့ပထမဆုံး Wiki Website “WikiWikiWeb” ကို ရေးဆွဲပြီးစီးခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 350 Views

                အင်တာနက်သမိုင်းတစ်လျှောက်မှာ ပထမဆုံး Wiki website ဖြစ်တဲ့ “WikiWikiWeb” ကို ပရိုဂရမ်မာလည်းဖြစ်၊ တီထွင်သူပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ Ward Cunningham က ၁၉၉၄ ခုနှစ်၊ မတ်လမှာ ရေးဆွဲပြီးစီးခဲ့ပါတယ်။ ပထမတုန်းက Software အနေနဲ့ ရေးသားခဲ့တာဖြစ်ပြီး၊ နောက်မှ သူ့ရဲ့ ကိုယ်ပိုင် website c2.com မှာ Install လုပ်ခဲ့တာပါ။

                Ward Cunningham ဟာ အဆိုပါနေ့မှာပဲ လူတွေကို သူ့ Website မှာ Content (အကြောင်းအရာ) တွေ ဖြည့်သွင်းဖို့နဲ့၊ Edit လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

                ဒီ့မတိုင်ခင်မှာ ဒီလိုမျိုး User ကိုယ်တိုင် Edit လုပ်နိုင်တဲ့ Website မျိုးမရှိခဲ့တာကြောင့် WikiWikiWeb ဟာ ပထမဆုံး User-Editing Website အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

                Website ကို တရားဝင်လွှင့်တင်တဲ့နေ့စွဲကတော့ နောက်တစ်ပတ်ကျော်အကြာ၊ မတ်လ ၂၅ ရက်နေ့မှာဖြစ်ပြီး၊ ဒီနာမည်ပေးဖြစ်ပုံကတော့ Cunningham တစ်ယောက် Hawaii ကို သွားလည်တုန်း စီးခဲ့ရတဲ့ ဘတ်စ်ကားနာမည် “Wiki Wiki Shuttle” ကို အစွဲပြုပြီး ပေးထားတာပါ။

                WikiWikiWeb ပေါ်ပြီး နောက်ထပ်ခြောက်နှစ်အကြာမှာတော့ ကျနော်တို့အားလုံးအခု ကိုးကားဖတ်ရှုနေရတဲ့ Wikipedia ကြီး စတင်ပေါ်ထွက်လာခဲ့ပါတယ်။

                WikiWikiWeb ဟာ အခုထိတည်ရှိနေသေးပြီး၊ ဒီ Link ကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

References
This Day in Tech History
About Author
Assinged Tags
Websites Today Tech Wiki WikiWikiWeb
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed